ပခုက္ကူမြို့၌ စားသောက်ကုန်များ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် စားသုံးသူပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  ဧပြီ ၂၁

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌  စျေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်များ ဘေးကင်းလုံခြုံ စိတ်ချစေရေးနှင့် စားသုံးသူပြည်သူများအား ထိခိုက်နစ်နာမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် စာသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များ၊ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန် ပစ္စည်းအမျိုးမျိုးတို့၌ ဖော်ပြထားသည့် ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန် ပမာဏများနှင့် ကိုက်ညီမှုရှိ/မရှိ၊ နိုင်ငံတော်က တရားဝင်ထုတ်ပြန်ထားသော စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိ အခြေအနေတို့ကို တိုက်ဆိုင်စစ်ဆေးခြင်း၊ စားသုံးသူရေးရာဥပဒေတွင် ပြဋ္ဌန်းထားသည့် ကုန်ပစ္စည်း(၉)မျိုးတို့၌ မြန်မာဘာသာဖြင့် ဖော်ပြမှသာရောင်းချကြရန်၊ သက်တမ်းလွန်နှင့် မှိုတက်နေသည့် စားသောက်ကုန်များ ရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးရှင်းလင်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)