ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ပခုက္ကူ  စက်တင်ဘာ  ၂၄

 

ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ အိုမီခရွန် မျိုးဗီဇပြောင်း BA-4,BA-5 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၂ ရက်က ပခုက္ကူမြို့၊ လူသွားလူလာများပြားသည့် လမ်းဆုံနေရာတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါလုပ်ငန်းကို ပခုက္ကူမြို့နယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် ပူးပေါင်းအဖွဲ့ဝင်များက ပခုက္ကူမြို့၊ လူသွားလူလာများပြားသည့် မြို့မလမ်းနှင့် ထင်းတန်းလမ်းဆုံ၊ မြိုင်လမ်းနှင့် မြို့ရှောင်လမ်းဆုံနေရာတို့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရန်၊ လူတစ်ဦးတစ်ယောက်ချင်းစီအလိုက် ကျန်းမာရေး အသိစိတ်များဖြင့် ရောဂါကူးစက်မှုမရှိစေရေး သတိပြုနေထိုင်ကြရန်၊ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန်တို့ကို ‌ဈေးရောင်းဈေးဝယ်ပြည်သူများအား Hand Speaker ဖြင့်  အသိပညာပေးပြောကြားခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)