ပခုက္ကူမြို့နယ်၊ လယ်ယာအရှေ့စုကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား

ပခုက္ကူ ၁၆  မေ        
    

ပခုက္ကူမြို့နယ်၊ လယ်ယာအုပ်စု၊ လယ်ယာအရှေ့စုကျေးရွာမဟာဝိဇိရာမကျောင်းတိုက်တွင် မေ ၁၆ ရက် နံနက် ၄ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားသည်။
    

ဖြစ်စဉ်မှာ ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်လဲကျရာမှ အောက်ရှိကော်ဇောကို မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ 

 

1


မီးလောင်မှုကြောင့် ပေ ၄၀ ပတ်လည်သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်အဆောက်အအုံတစ်လုံး၊ ပေ ၃၀× ပေ ၂၀ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်အဆောက်အအုံတစ်လုံး စုစုပေါင်း အဆောက်အအုံနှစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
    

မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင် ဦးစီး၍ မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ်(၅)စီး၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၇)၊ အမှတ်(၉)၊အမှတ်(၁၁) အရန်မီးသတ်တပ်ဖွဲ့များမှ မီးငြိမ်းသတ်ယာဉ်နှင့်ရေသယ်ယာဉ်(၅)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။


ကိုဇော်(ဓာတု)

 

1