ပခုက္ကူ ၂၄ ဧပြီ
ပခုက္ကူမြို့နယ် မယ်ဇလီပင်ကုန်းကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခန့်က နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
![1](https://mdn.gov.mm/sites/default/files/inline-images/24042019PKU%20News_0.jpg)
ဖြစ်စဉ်မှာ မယ်ဇလီပင်ကုန်းကျေးရွာနေ ဦးမြမောင်(၈၁)နှစ်သည် ထမင်းအိုးတည်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နှစ်ထပ်သွပ်မိုးထရံကာ အိမ်တစ်လုံး ဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ကိုတမာ
![1](https://mdn.gov.mm/sites/default/files/inline-images/24042019PKU%20News2.jpg)