ပခုက္ကူမြို့နယ်အဆင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး သင်တန်းဖွင့်လှစ်

ပခုက္ကူ  ဒီဇင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အဆင့် အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့်ဝန်ထမ်းများက မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုလူဦးရေစာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မှန်ကန်တိကျသော စာရင်းရရှိရေး မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပို့ချကြသည်။

 

အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုအဖွဲ့(၁၅)ဖွဲ့၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့(၆၂)ဖွဲ့ တက်ရောက်ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)