ပခုက္ကူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၈ လုံး ထိခိုက်ပျက်စီး

ပခုက္ကူ  ၃၁ မေ     

    
ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံအုပ်စုနှင့်ကြီးရွာအုပ်စုတို့တွင် မေ ၃၀ ရက် ညနေ ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၈ လုံး ထိခိုက်ပျက်စီးသည်။

 

1


      

လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတိုင်ခြုံကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာတွင် လူနေအိမ်၁လုံး ပြိုကျပြီး ၁ အိမ် အမိုးလန်ခြင်း၊ ကြီးရွာအုပ်စု၊ ကြီးရွာတွင် လူနေအိမ် ၅ လုံး အမိုးလန်ပြီး ပေါင်လောင်ကန် ကျေးရွာတွင် လူနေအိမ် ၁ လုံး ပြိုကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

1