ပလောက်မြို့၌ သားသတ်ရုံများ ကွင်းဆင်းစစ်ဆေး

ပလောက်    ၂   အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့၌ သားသတ်ရုံများ ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင် ပလောက်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး၊ ပလောက်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့တာဝန်ခံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပလောက်မြို့တွင် လိုင်စင်ရရှိထားသော သားသတ်ရုံများတွင် လိုင်စင်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

နိုင်ဦး(ပလောက် ပြန်/ဆက်)

 

fb 546