ပလမြို့ မင်းပြင်ကျေးရွာအနီး ရတနာတိုး ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး

ပုလော   ၁၈  သြဂုတ်


    
ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ကျေးရွာ၊ ဒီပင်္ကရာဘုရားအနီး (မြိတ်−ထား၀ယ် ကားလမ်းကွေ့)တွင် သြဂုတ် ၁၇ ရက်နေ့ ၇ နာရီ အချိန်၌ ရတနာတိုး ခရီးသည်တင် မော်တော်ယာဉ်နှင့် ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွား၍ ဆိုင်ကယ် မောင်းနှင်သူတစ်ဦး အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပုလောမြို့မှ မြိတ်မြို့ဘက်သို့  စောပလာ မောင်းနှင်လာသော  ဆိုင်ကယ် နှင့် မြိတ်မြို့ဘက်မှ ပုလောမြို့ဘက်သို့ ယာဉ်မောင်း  ဦးလွင်ကိုဦး မောင်းနှင်း လာသော ရတနာတိုး ခရီးသည်တင် မော်တော်ယာဉ် တို့ဖြင့်  ပလကျေးရွာအုပ်စု၊ မင်းပြင်ကျေးရွာရှိ ဒီပင်္ကရာ ဘုရားအနီး (မြိတ်− ထား၀ယ် ကာလမ်းကွေ့) အရောက် ၌ ကာလမ်းမအလယ်တွင် မျက်နှာချင်းဆိုင် ဆိုင်ကယ် အရှေ့ဘီးနှင့် ကားရှေ့ဘန်ဘားအား ၀င်တိုက်မိ၍ မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ စောပလာတွင် ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ သေဆုံး သွားကြောင်း သိရှိရသည်။

 

အေးအေးမော် (ပုလော ပြန်/ဆက်)