ပလပ်စတစ်ခုနှစ်ကီလိုဂရမ်ကို သေဆုံးနေတဲ့ သမင်တစ်ကောင်ရဲ့ ဝမ်းအတွင်းမှာတွေ့ရှိ

၂၇ နိုဝင်ဘာ

ထိုင်းနိုင်ငံမြို့တော်ရဲ့ ဗန်ကောက်မြို့ရဲ့ မြောက်ပိုင်းရှိ  နန်းဒေသရဲ့ အမျိုးသားဥယျာဉ်အတွင်းမှာ တောရိုင်းသမင် တစ်ကောင် သေဆုံးရာ သေဆုံးတဲ့ သမင်ကို စစ်ဆေးရာ ပလပ်စတစ်အမှိုက် ခုနှစ် ကီလိုဂရမ်ကို တွေ့ရှိခဲ့ပါတယ်။ အခုအခြေအနေဟာ နိုင်ငံ့ရဲ့ ရေနဲ့ သစ်တောအတွင်းရှိ ပလပ်စတစ်အမှိုက်တွေကို သတိထားဖို့အတွက် ခေါင်းလောင်း ထိုးလိုက်တာဖြစ်ကြောင်း တာဝန်ရှိသူက မနေ့က ပြောကြားပါတယ်။ 

 

08

 

ကမ္ဘာမှာ ပလပ်စတစ်အိတ်အများဆုံးသုံးစွဲတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လူတစ်ဦးလျှင် တစ်နှစ်ကို ပလပ်စတစ်အိတ် ၃,၀၀၀ ကိုသုံးစွဲပါတယ်။ ထိုင်းနိုင်ငံမှာ ပလပ်စတစ်အိတ်ကို လမ်းဘေးဆိုင်တွေမှာ အစားအစာထုတ်ပိုးရာတွင် လည်းကောင်း၊ ကော်ဖီသယ်ယူရာတွင်လည်းကောင်း၊ ဟင်းသီးဟင်းရွက်ထုတ်ပိုး ရာတွင်လည်း အသုံးပြုကြကြောင်း တွေ့ရပါတယ်။ 

 

09

 

သေဆုံးသွားတဲ့ သမင်ဟာ အသက် ၁၀ နှစ်ရှိပြီဖြစ်ပြီး သမင်ရဲ့ ဝမ်းဗိုက်အတွင်းမှာ ကော်ဖီမုန့်၊ အသင့်စား ခေါက်ဆွဲခြောက်ထုတ် အိတ်အခွံ၊ ပလပ်စတစ်အိတ်တွေ၊ တဘက်တွေနဲ့ အတွင်းခံတစ်ထည်ကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ 

 

10

 

သမင်ဟာ လွန်ခဲ့တဲ့ လပိုင်းကစပြီး နေမကောင်းတာကို တွေ့ရပါတယ်။ သမင်မ ရဲ့ ဝမ်းတွင်းက ပလပ်စတစ်တွေကြောင့် ကိုယ်တွင်းမှာ ရောဂါရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

 

85

 

ရေသတ္တဝါတွေဖြစ်တဲ့ လိပ်နဲ့ ပင်လယ်နွားဖျံ တွေလည်း ရေထဲရှိ ပလပ်စတစ်အိတ်တွေကို စားမိရာမှ  သေဆုံးခဲ့ပါသေးတယ်။ 

 

86

 

အခုလိုအခြေအနေတွေဟာ တစ်ခါသုံးပလပ်စတစ်အိတ်တွေ သုံးစွဲခြင်းကို လျော့ချပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ပစ္စည်းတွေကို ပိုသုံးစွဲအောင် အမျိုးသားဥယျာဉ် ဒါရိုက်တာက ပြောပါတယ်။ 

 

88

 

ထိုင်းနိုင်ငံမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စပြီး 7-Eleven စတိုးဆိုင်အပါအဝင် ဆိုင်ကြီးတွေဟာ တစ်ခါသုံးအိတ် သုံးစွဲခြင်းကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP