ပလတ်စတစ်အိတ်တွေကို စားပြီး ဝေလငါးတစ်ကောင် သေဆုံး

၄ ဇွန်

ဝေလငါးတစ်ကောင်ဟာ ပလတ်စတစ်အိတ်ပေါင်း ၈၀ ကျော်ကို စားပြီး သေဆုံးအံ့ဆဲဆဲ ဖြစ်နေတာကို  ထိုင်းနိုင်ငံတောင်ပိုင်းက ဆောင်ခလ ကမ်းခြေပေါ်မှာ ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှာ တွေ့ပါတယ်။ ဒါဟာ ရေထုညစ်ညမ်းမှုကို သတိပြုရမယ့် အခြေအနေ သတိပေးခေါင်းလောင်းသံ နောက်ထပ် တစ်ခုဖြစ်လာတယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။ 

အဲဒီဝေလငါးကို တွေ့ရစဉ်က အသက်အငွေ့ငွေ့လေးပဲ ရှိနေတဲ့အတွက် ဒေသခံတွေက ကြိုးစားပြီး ကယ်တင်ခဲ့ပေးမယ့် သောကြာနေ့ က သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ ဝေလငါးကို ခွဲစိတ် စစ်ဆေးရာ ပလတ်စတစ်အိတ် ဒါဇင်ပေါင်းများစွာ အပါအဝင် စွန့်ပစ်ထားတဲ့ ပလတ်စတစ် အလေးချိန် ၈ ကီလိုဂရမ်ကို တွေ့ရကြောင်း ပြောပါတယ်။

ဒေသတွင်းက ပညာရှင်တွေက အပြောအရ ပလတ်စတစ်တွေကို စားပြီး ဝေလငါးဟာ လိုအပ်တဲ့ အဟာရဓာတ်ကို လုံလုံလောက်လောက် မရရှိခဲ့တဲ့ အင်အားချို့တဲ့ကြောင်း သိရပါတယ်။

ထိုင်းအစိုးရက ပလတ်စတစ်အိတ် သုံးစွဲမှု လျော့ချဖို့ ဆော်သြနေကြောင်း ထိုင်းသတင်း ဌာနတွေ ပြောပါတယ်။

MDN

ကိုးကား- NHK