ပန်းဘဲတန်း ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို တာဝန်ရှိသူများပူးပေါင်း၍ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပန်းဘဲတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှုံ့ဆော်မှုအဖြစ် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များကို ပန်းဘဲတန်းမြို့နယ် အမှတ် ၂၊ ၃၊ ၄၊ ၅၊ ၇၊ ၈၊ ၁၀၊ ၁၁ ရပ်ကွက်များတွင် အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပန်းဘဲတန်းမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သဖြင့် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲ အသိပညာပေး လက်ကမ်းစာစောင်များကို ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ပါဝင်မဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် လှုံ့ဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


