ပန်းဘဲတန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံ

ပန်းဘဲတန်း မေ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရှိ အခြေခံပညာကျောင်း ရှစ်ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် မေ ၂၃ ရက် နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ စသည့် ပစ္စည်းများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။

 

ဒေါ်ဦးဆန်းကြည်