ပြင်စလူ ဇွန် ၇

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြင်စလူမြို့ရှိ (၂၅) ခုတင်ဆံ့ တိုက်နယ်ဆေးရုံတွင် ဆိုလာစနစ်လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ (၃)မိုင်မြို့ ခုတင် ၂၀၀ ဆံ့ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ဆေးရုံရှိ ဆိုလာလျှပ်စစ်မီးဖြင့် အသုံးပြုသော စက်ပစ္စည်းများအကြောင်း ပြင်စလူဆေးရုံတာဝန်ခံဆရာဝန်က ရှင်းလင်းတင်ပြပြီး လှူဒါန်းပစ္စည်းများကို လွှဲပြောင်းပေးအပ်ကာ တက်ရောက်လာကြသည့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)