ပင်လောင်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများအားပေးအပ်

ပင်လောင်း မေ ၂၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယာယီနေရပ်စွန့်ခွာ ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားနိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မေ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီတင်က ကျောင်းသားမိဘများနှင့်ကျောင်းသား ကျောင်းသူများကို အားပေးစကားပြောကြားသည်။ ထောက်ပံ့ပေးအပ်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီးမောင်မောင်မြင့်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီတင်၊ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်ပညာရေးမှူး ဦးတင်ငွေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော် တို့က ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အလားတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်ထီဗွာကျေးရွာအုပ်စု ဝါးလီကျေးရွာဘုန်းကြီးကျောင်း၌ ဝါးလီကျေးရွာ အနီးဝန်းကျင်ကျေးရွာများတွင် လာရောက် နေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ၏ သားသမီးများအား ကျောင်းဝတ်စုံနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ  သွားရောက်ထောက်ပံ့ပေးအပ်ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများကို အားပေးနှစ်သိမ့် အမှာစကားပြောကြားသည်။ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၅၉ ဦးရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)