ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (ကတ်တမင်း)များ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၂

ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကတ်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်‌ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပင်လောင်းမြို့နယ်၊ ပင်လောင်း-နေပြည်တော်သွား ကားလမ်း၊ လိန်းလီ ကြိုးတံတားတွင် ပင်လောင်းမှ ပေါင်းလောင်းဘက်သို့ မြင်ချီးချဲ(ခ)အောင်မြင့်(၅၉)နှစ် မောင်းနှင်လာသည့် FORLAND မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကက်တမင်း) ၁၈၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး(ကက်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)