ပင်လောင်းနှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများအားဖျက်ဆီး

နေပြည်တော်  ၁၂   မတ် 
    

 

ပင်လောင်းမြို့နယ်၊ ပင်ကာလကျေးရွာအနောက် တောင်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၁၆ဒသမ၅)ဧကခန့်အား ပင်လောင်းမြို့မ ရဲစခန်းမှ ရဲအုပ် ထိန်ထိန်လင်း ဦးစီးပူးပေါင်းအဖွဲ့က မတ် ၁၁ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
    

 

အလားတူ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးကျေးရွာအရှေ့မြောက်ဘက် ၃ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း စုစုပေါင်း(၄ဒသမ၅)ဧကခန့်အား ပန်ဆေးနယ်မြေ ရဲစခန်းမှ ရဲအုပ် မြင့်ဝင်း ဦးစီးပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှှှ  သိရသည်။

 

MDN