ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများအားဖျက်ဆီး

နေပြည်တော် ၂၂ ဖေဖေါ်ဝါရီ

ပင်လောင်းမြို့နယ်၊ ဉာဏ်ပင်ကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၃၁) ဧကခန့်အား ပင်လောင်းမြို့မရဲစခန်းမှ ရဲအုပ် ထိန်ထိန်လင်း ဦးစီးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ဖယ်ခုံမြို့နယ်၊ ဘန်ခူးကျေးရွာတောင်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း (၃၀) ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေ ဦးစီးပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

MDN