ပင်လည်ဘူးမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် ဘောလုံးပြိုင်ကျင်းပ

ပင်လည်ဘူး  ၁၇  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် ကျား/မ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီက ပင်လည်ဘူးမြို့နယ် ဘောလုံးအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

 

2628

 

အဆိုပါ ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဘောလုံးအသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ဖွင့်ပွဲတွင် ပင်လည်ဘူးမြို့ပေါ် အ.ထ.က အသင်းနှင့် ၅ မိုင်ဝန်းကျင် ကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပင်လည်ဘူးမြို့ပေါ် အ.ထ.က အသင်းမှ ၅ မိုင်ဝန်းကျင် ကျောင်းအသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

2650

 

အဆိုပါ အခြေခံကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အားကစားပြိုင်ပွဲများတွင် ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)

 

2676