ပင်လုံမြို့၊ ဝမ့်အဲန်ဘုန်းကြီးကျောင်းသို့ ဆွမ်းဆန်၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ကြက်သွန်နီများ ထောက်ပံလှူဒါန်း

နေပြည်တော်   ဇန်နဝါရီ   ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်တိုက်များတွင် ရဟန်းရှင်များ၊ သာမဏေများ၊ သီလရှင်များအတွက် ဆွမ်းအခက်အခဲမရှိစေရန် ရည်ရွယ်၍ လှူဒါန်းထောက်ပံ့ပေးလျက်ရှိရာ ဇန်နဝါရီ ၂၉ ရက် နံနက် ပိုင်းတွင် လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးရန်အောင်ကျော်မျိုးနှင့် တာဝန်ရှိ သူများသည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ဝမ့်အဲန်ဘုန်းကြီးကျောင်းသို့  ဆွမ်းဆန်တော် ၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ကြက်သွန်နီများကို ကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ဒထံ ဆပ်ကပ် လှူဒါန်းခဲ့သည်။

အလားအတူ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမားရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ အားဖြည့် အစားအစာများကို လွိုင်လင်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ စင်တာများသို့ ဆက်လက်လှူဒါန်း ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်