ပင်လုံမြို့ ဝမ့်အဲန်ဘုန်းကြီးကျောင်းသို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ကြက်သွန်နီမျိုး ထောက်ပံ့လှူဒါန်း

လွိုင်လင်   ဇန်နဝါရီ  ၂၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးရန်အောင်ကျော်မျိုးနှင့် တာဝန်ရှိသူများသ ည် လွိုင်လင်မြို့နယ် ၊ ပင်လုံမြို့ရှိ ဝမ့်အဲန် ဘုန်းကြီးကျောင်းသို့ ယနေ့ နံနက်ပိုင်းက ဆွမ်းဆန်တော်၊ ဆီ ၊ ဆား ၊ ကုလားပဲ ၊ ကြ့က်ဥ ၊ ကြက်သွန်နီများကို  ကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ဒထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းကြီး ကျောင်းများ၊ စာသင်တိုက်များတွင် ရဟန်းရှင်များ၊ သာမဏေများ၊ သီလရှင်များအတွက် ဆွမ်းအခက်အခဲမရှိစေရန် ‌ရည်ရွယ်၍ လှူဒါန်းထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ အားဖြည့်အစားအစာများကိုလည်း အချို့သော ကိုဗစ်-၁၉  စင်တာများတွင်လည်း ဆက်လက်၍ ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လွိုင်လင်မိုး