ပင်လုံမြို့နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၈  

ပင်လုံမြို့နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ရပ်ကွက်(၄)အတွင်းတွင် အိုက်စိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ နောင်ဟမ်းကျေးရွာရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း၊  အလာတူ ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်းကောင်း(၂)ကျေးရွာ အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ပြည့်စုံအောင်(ခ) မျိုးကျော် အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆,၀၀၀ ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

သတင်းစဉ်