ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၄)ဖွင့်

သံဖြူဇရပ်     ဇွန်    ၁၅

 

ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၄) ဖွင့်ပွဲ ကို ယနေ့ နံနက် ၉ နာရီက မွန်ပြည်နယ် ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်နိုင်ဝင်း၊ ကျိုကွမီမြို့မရဲစခန်းမှ ရဲအုပ်ဆန်းကိုကို၊ မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရှိုင်းထက်အောင်၊ ကျိုက္ခမီမြို့ ကြက်ခြေနီ တပ်ဖွဲ့မှ မြို့နယ်ဒုခွဲမှူး ဦးသန့်ဇင်ဦးတို့က ပင်လယ်ပြင်လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေးအတွက် ပင်လယ်ပြင်လုပ်ငန်းခွင် ကျန်းမာရေး၊ အသက်အန္တရာယ်ကင်းရှင်းရေး၊ မျိုးသုဉ်းရှားပါးရေနေသတ္တဝါ ထိန်းသိမ်းရေး၊ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာ အကြောင်းအရာများကို သင်ကြားပို့ချခဲ့သည်။

 

အဆိုပါသင်တန်းကို စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ကျိုက္ခမီမြို့ ကမ်းဝေးကမ်းနီးမှ ပင်လယ်ပြင် ငါးဖမ်းရေလုပ်သား ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)