ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄ ရက်၊ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက်် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေသည် တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင် (၄၀) ခန့်ရှိနိုင်သည်။ လှိုင်းကြီးမည်။ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်သည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ရှိနိုင်သည်။ ရေပြင်လေသည် တောင်(သို့)အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၀-၃၅) မိုင်ခန့်ရှိနိုင်သည်။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ လှိုင်းအမြင့်မှာ (၇)ပေမှ (၉)ပေခန့်ရှိနိုင်သည်။

 

Credit> မိုးဇလ