ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

 

ထူးခြားသည့်အခြေအနေ။               ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “နိုရူ(Noru)သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၏အရှေ့ဘက် ရေမိုင် (၂၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း “နိုရူ(Noru)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေကို (၂၈.၉.၂၀၂၂)ရက်နေ့ နံနက်ပိုင်း တွင် ဖြတ်ကျော်ဝင်ရောက်နိုင်ကာ၊ အပူပိုင်းမုန်တိုင်း “နိုရူ(Noru)အဖြစ်သို့ အားလျော့သွားမည် ဟုခန့်မှန်းရပါသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း “နိုရူ (Noru)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန်မှန်းရပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

 

 

မိုးလေ၀သအ‌ခြေအနေ။  နေရာအနှံ့အပြား  မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                  (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။                 အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။          လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                 (၄)ပေမှ (၆)ပေခန့်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

 

 

မိုးလေ၀သအ‌ခြေအနေ။  နေရာစိပ်စိပ်  မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။                  (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ။                  တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။          လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                 (၄)ပေမှ (၆)ပေခန့်။

 

Crd>>>မိုး/ဇလ