ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်  

 

၂၀၂၂ခုနှစ်၊ဒီဇင်ဘာ  ၄ ရက်၊ နံနက်(၁၀:၃၀) နာရီထုတ်ပြန်ချက်

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သခန့်မှန်းချက်အနေဖြင့်  နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်။  အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ။  ရေပြင်လေသည် အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅) မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်အထိ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။  လှိုင်းအမြင့်မှာ (၇)ပေမှ (၉)ပေခန့် ရှိနိုင်သည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သခန့်မှန်းချက်အနေဖြင့်   တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။  အမြင်တာ (၅)မိုင်။  ရေပြင်လေသည် မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅ - ၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။  လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၄)ပေမှ (၆)ပေခန့် ရှိနိုင်သည်။

 

Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန