ပွင့်ဖြူမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် (အတက်နေ့) သင်္ကြန်ချစ်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ပွင့်ဖြူ ၁၆ ဧပြီ

 


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဌာနဆိုင်ရာများ၏ ပံ့ပိုးကူညီမှုဖြင့် မြို့မိမြို့ဖများမှ ဦးဆောင်၍ ပထမအကြိမ် ထည့်သွင်းကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဧပြီ ၁၆ ရက်၊ သင်္ကြန်အတက်နေ့ ယနေ့ နံနက်ပိုင်းက မြို့နယ်ဗဟိုရေကစားမဏ္ဍပ် အပါအဝင် မြို့ပေါ်ရပ်ကွက်များရှိ နေရာစုံအနှံ့ အပျော်တမ်းရေကစားမဏ္ဍပ်များတွင် ရေပက်ဖျန်းသူ၊ ရေပက်ခံထွက်သူများက အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြ၍ စည်ကားလျက်ရှိနေကြောင်း ပွင့်ဖြူမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။

 

d

 

ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး သင်္ကြန်ပွဲတော်ရက်အတွင်း ဒေသခံပြည်သူတွေ ပျော်ရွှင်စွာ ရေဆော့ကစားနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် မူးယစ်ရမ်းကားမှုများ မဖြစ်စေရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက လုံခြုံရေးတာဝန်များ အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ 

 

fdg

 

ယနေ့ နံနက်ပိုင်း သင်္ကြန်အတက်နေ့တွင် ဗဟိုရေကစားမဏ္ဍပ် အပါအဝင် မြို့ပေါ်ရပ်ကွက်များရှိ အပျော်တမ်း ရေကစားမဏ္ဍပ်များတွင်  ရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားများပြားလျက်ရှိပြီး  သင်္ကြန်တွင်း ကုသိုလ်ပြု ကျေးမွေးဧည့်ခံသည့် စတုဒိတာမဏ္ဍပ်များကလည်း ရေကစားသူနှင့် ရေပက်ခံထွက်သူများကို မုန့်လုံးရေပေါ်၊ အချိုရည်၊ ကြာဇံဟင်းခါး စသဖြင့် စတုဒိတာများ ကျွေးမွေးဧည့်ခံကြသဖြင့် ယခင်နှစ်များထက် ယခုနှစ်တွင် ပိုမိုစည်ကားနေကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီး ကော်မတီမှ ကြီးကြပ်ရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။  

 


ရဲဝင်းနိုင် (ညောင်ဦး)