ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်

ပွင့်ဖြူ      ဇူလိုင်      ၁၁

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် မုန်တောကြီး ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည်ပေ သုည / ၆ ဒသမ ၄ မိုင် ကျေးလက် ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးမှ သိရသည်။

           

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၁ ဒသမ ၅ သန်းဖြင့် လမ်းအရှည်ပေ သုည / ၆ ဒသမ ၄ မိုင် အား လမ်းအကျယ် ၁၂ ပေ ၊ ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်း အမျိုးအစား ကျေးလက် ကုန်ထုတ်လမ်းကို ယခုလ(၆)ရက်နေ့ကစပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်းအတွက် လမ်းအူကြောင်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို ကနဦး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၃)ရွာမှ အိမ်ခြေ ၁၄၀၃ အိမ်မှ လူဦးရေ ၆၅၅၁ ဦး၏ စိုက်ပျိုးလယ်မြေဧက ၄၀၀ အတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကာ သီးနှံစိုက်ခင်းများမှ ထွက်ရှိသော သီးနှံထွက်ကုန် များကိုလည်း ဈေးကွက်သို့ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ပြောပြသည်။  

 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )