ပွင့်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးမှုဖြစ်ပွား

ပွင့်ဖြူ  ၁၇ မေ    

  

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ ကံဆွယ်ကျေးရွာအုပ်စုနှင့် အင်းဒေါင်းကျေးရွာအုပ်စုတို့တွင် မေ ၁၆ ရက်၊ ညနေ ၄ နာရီခွဲအချိန်က လေပြင်းတိုက်ခတ်မှုများဖြစ်ပွားပြီး လူနေအိမ် ၁၂ လုံး အမိုးလန်ပျက်စီးခြင်း၊ လူနေအိမ် ၁ လုံး ပြိုလဲပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။  

 

ဖြစ်စဉ်မှာ မေ ၁၆ ရက်၊ ညနေ ၄ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေပြင်းတိုက်ခတ်မှုအရှိန်ကြောင့် ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ ကံဆွယ်ကျေးရွာအုပ်စုနှင့် အင်းဒေါင်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း ၆ ရွာတွင် လူနေအိမ် ၁၂ လုံး တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခြင်း၊ လူနေအိမ် ၁ လုံး ပြိုလဲပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)

 

AANV