ပွင့်ဖြူမြို့နယ်၌ မှုခင်းဖြစ်ပွားမှု လျော့နည်းကျရေး အသိပညာပေးဟောပြော

ပွင့်ဖြူ   ၂၉  ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သမင်ခြံကျေးရွာတွင် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် လယ်ကိုင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်တင်ထွန်းနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ယာဉ်အချက်ပြမီး အသုံးပြုပုံနည်းစနစ်များ၊ ဆိုင်ကယ်စီးဦးထုပ်များ တပ်ဆင်မောင်းနှင်ရန်နှင့် နှစ်ဦးထက် ပိုမိုတင်ဆောင် မောင်းနှင်ခြင်းအား ရှောင်ကြဉ်ရန် အချက်များ၊ သက်ငယ်မုဒိမ်းမှု မဖြစ်စေရေး အုပ်ထိန်းသူမိဘများ လိုက်နာရမည့် အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ဆိုးကျိုးများ၊ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ မှုခင်းအမျိုးအစားအလိုက် အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် နယ်မြေအတွင်း မှုခင်းများဖြစ်ပွားပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်မည့် နည်းလမ်းများကို ပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ 

 

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများ မေးမြန်းမှုများကို ဒုရဲအုပ် တင်ထွန်းနိုင်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး တပ်ဖွဲ့ဝင်များက မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး မှုခင်းအသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 
ရဲဝင်းနိုင် (ညောင်ဦး)