ပြင်သစ်အိုးပင်း ဆီးမီးဖိုင်နယ်သို့ နာဒယ်လ် တက်ရောက်

၇ အောက်တိုဘာ

 

လက်တလောကျင်းပနေတဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ  မြေစေးကွင်းဘုရင် နာဒယ်လ်က အီတလီအရည်အသွေးမြင့် လူငယ်ကစားသမားဆင်းနားကို ကွာတားဖိုင်နယ်မှာ ၇-၆ (၇-၄)၊ ၆-၄၊ ၆-၁ နဲ့ အနိုင်ယူပြီး  ဆီမီးဖိုင်တယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

 

နာဒယ်လ်က ဆယ်ကျော်သက်လူငယ်လေး  ဆင်းနားကို  ပွဲချိန်တစ်ခုလုံးကို စိုးမိုးပြီး  သမ္ဘာအရ အသာစီးရယူ ကစားနိုင်ခဲတာ ဖြစ်ပါတယ်။ ဒါပေမယ့် နာဒယ်လ်က ဒီပွဲမှာ သူ လွယ်လွယ်ကူ နိုင်ခဲ့တာမဟုတ်ဘဲ  အေးမြလှတဲ့ရာသီဉတုက လျင်မြန်မှုကို အတားအဆီး ဖြစ်စေခဲ့တယ်လို့ ပွဲအပြီး ပြောကြားခဲ့ပါတယ်။

 

ဆီမီးဖိုင်နယ်မှာတော့ အာဂျင်တီးနားသား ဒီယေဂိုရှဝါ့ဇ်မန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး  ရှဝါ့ဇ်မန်းဟာ ပြီးခဲ့တဲ့လက ရောမမှာ ကျင်းပခဲ့တဲ့ပွဲမှာ နာဒယ်လ်ကို အနိုင်ယူထားနိုင်ခဲ့သလို ယခုလည်း ပြင်သစ်အိုးပင်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားနိုင်တာဖြစ်ပါတယ်။

 

နာဒယ်လ်အနေနဲ့  ယခုလို ဆီမီးဖိုင်နယ်အထိ ရောက်ရှိလာခဲ့တာကြောင့် ဂရင်းစလင်းဘုရင် ဖက်ဒဲရာရဲ့ ဂရင်းစလင်းချန်ပီယံဆု အကြိမ် ၂၀ ရရှိခဲ့တဲ့ စံချိန်ကို လိုက်မီဖို့ အနီးစပ်ဆုံး အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ နာဒယ်လ်ဟာ  လက်ရှိမှာ ဂရင်းစလင်း ချန်ပီယံဆု ၁၉ ကြိမ် ရရှိထားပြီး အဲဒီထဲက ၁၂ ကြိမ်ဟာ ပြင်သစ်အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။ သူက ၂၀၀၅ မှ ၂၀၁၉ ခုနှစ်အတွင်းကာလတွေမှာ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်ကလွဲရင် ကျန်နှစ်တွေမှာ  ပြင်သစ်အိုးပင်း ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး နာဒယ်လ်လို အောင်မြင်မှုမျိုး ပြင်သစ်အိုးပင်းသမိုင်းမှာ မရှိသေးပါဘူး။

 

မေလဲ့သင်း