ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင် အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်တော့မှာဖြစ်တယ်လို့ သတင်းထွက်ပေါ်လျက် ရှိပါတယ်။
ဇီဒန်းဟာ လက်ရှိအချိန်မှာ ပြင်သစ်လက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖို့ ပြင်သစ်ဘောလုံး အဖွဲ့ချုပ်နဲ့ ဇီဒန်းတို့အကြား သဘောတူညီမှုရရှိခဲ့ကြောင်း အီးအက်စ်ပီအင်န်သတင်းဌာနက သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ်ရှိ ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင် အသင်းနည်းပြ ဒက်ချမ့်ရဲ့နေရာမှာ အစားထိုးတာဝန်ယူရမှာ ဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ၁၉၉၈ ခုနှစ်က ကမ္ဘာ့ဖလား ဆွတ်ခူးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင် အသင်းနည်းပြအဖြစ် ယခုနှစ်နွေရာသီကာလမှာ ကျင်းပမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဓိကတာဝန်ယူ ကိုင်တွယ်နိုင်ဖို့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ဇီဒန်းဟာ ကစားသမားဘဝမှာ အောင်မြင်မှုရရှိခဲ့သလို နည်းပြဘဝမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလားကို သုံးရာသီဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ငွေကြယ်


