ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွား

၂၄  ဒီဇင်ဘာ

 

 

ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် ယမန်နေ့က ရဲတပ်ဖွဲ့ဝင်သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းနှင့် အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

 

ရဲအရာရှိများသည် Puy-de-Dome ဒေသရှိ အစွန်အဖျားကျသော ကျေးရွာတစ်ရွာတွင် အိမ်တွင်း အကြမ်းဖက်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဖုန်းခေါ်ဆို တိုင်ကြားမှု လက်ခံရရှိခဲ့သဖြင့် ထိုနေရာသို့ သွားရောက်ရာ  အိမ်ခေါင်မိုးပေါ်တွင် တွေ့မြင်ရသော အမျိုးသမီးတစ်ဦးကို ကယ်တင်ရန် ကြိုးစားနေစဉ် ၄၈ နှစ်အရွယ်အ မျိုးသားတစ်ဦး၏ ပစ်ခတ်မှုခံခဲ့ရသည်ဟု သိရသည်။

 

 

 

အဆိုပါ ရဲအရာရှိများသည် မိမိတို့၏လူစွမ်းကောင်းများ ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်လ် က တွစ်တာတွင် ယမန်နေ့က ရေးသားထားသည်။

 

 

ထိုအမျိုးသား မီးရှို့ခဲ့သော နေအိမ်ကို မီးသတ်သမားများက မီးငြှိမ်းသတ်ရန် ကြိုးစားနေခဲ့ပြီး ယင်းအမျိုးသမီးဖြစ်သူကို ကယ်တင်နိုင်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး ဒါမန်နင်း က ပြောကြားခဲ့သည်။

 

၎င်းအမျိုးသားအလောင်းကို နေအိမ်မှ ၁ ဒသမ ၅ ကီလိုမီတာအကွာတွင် တွေ့ရှိခဲ့ကြောင်းနှင့် အလောင်းပေါ်တွင် ရိုင်ဖယ်သေနတ်တစ်လက်နှင့် ဓားအလက်ပေါင်းများစွာရှိနေပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားဖွယ်ရှိကြောင်း နောက်ဆုံးရသတင်းများအရ ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

 

အိမ်တွင်းအကြမ်းဖက်ခံရသူ အမျိုးသမီးမှာ ဘေးကင်းလုံခြုံမှု ရှိခဲ့ပြီး ၎င်းကိုကယ်တင်ခဲ့စဉ် ဒဏ်ရာရရှိခဲ့သော ထိုရဲအရာရှိကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

 

 

အိမ်တွင်းအကြမ်းဖက်မှုသည် ပြင်သစ်လုံခြုံရေး တပ်ဖွဲ့များ၏ သမိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများအပြင် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း ထိုဝန်ကြီးက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို