ပြင်သစ်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ ၁၀,၀၀၀ နီးပါးရှိ

၁၁ စက်တင်ဘာ

ပြင်သစ်နိုင်ငံမှာ ကြာသပတေးနေ့က ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၀,၀၀၀ နီးပါး တွေ့ရှိကြောင်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးက ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၉,၈၄၃ ဦးရှိကြောင်း၊ အစုလိုက်အပြုံတွေ့ရှိတဲ့ ပိုးတွေ့ရှိမှု ၇၁ ခုရှိကြောင်း ပြောကြာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးသူ တစ်သန်းကျော်ထဲမှ ပိုးတွေ့ရှိသူ စုစုပေါင်း ၄၈,၅၄၃ ဦးရှိကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅ ဒသမ ၄ ရာခိုင်နှုန်းတိုးခဲ့ကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၉ ဦးရှိတဲ့အတွက် စုစုပေါင်း သေဆုံး ၃၀,၈၁၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားပါတယ်။

ပြင်သစ်ဝန်ကြီးတွေနဲ့ ကျန်းမာရေးပညာရှင်တွေ ဒီနေ့(သောကြာနေ့)မှာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ဆွေးနွေးမှာဖြစ်ပြီး လာမယ့်သီတင်းပတ်မှာ ပြည်သူတွေ ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် လုပ်ဆောင်မယ်လို့ သမ္မတ မာခရွန်က သံဓိဌာန်ချထားပါတယ်။

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၅၃,၉၄၄ ဦးနဲ့ သေဆုံးသူ ၃၀,၈၁၃ ဦးရှိကြောင်းနဲ့ ပြန်လည်ကျန်းမာလာသူ ၈၈,၇၄၂ ဦးရှိကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP