ပြင်သစ်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ၁၆၀,၀၀၀  ဖန်တီးပေးသွားမယ်လို့ ဝန်ကြီးချုပ်ပြောကြား

၃ စက်တင်ဘာ 

ပြင်သစ် ဝန်ကြီးချုပ် ဂျင်း ကတ်တက် က ၂၀၂၁ ခုနှစ်မှာ အလုပ်အကိုင်ပေါင်း ၁၆၀,၀၀၀ ဖန်တီးပေးဖို့ အစိုးရအဖွဲ့အနေနဲ့ ပြင်ဆင်နေကြောင်း ဒီနေ့(ကြာသပတေးနေ့) မှာ ပြောကြား ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်သွားတဲ့ နိုင်ငံစီးပွားရေးကို ပြန်လည် လည်ပတ်နိုင်ရန် အတွက် အစိုးရက ယူရိုငွေ ၁၀၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံ) ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ 

စီးပွားရေးပြန်လည် လည်ပတ်ရန်နဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် အလုပ်လက်မဲ့ ဦးရေကို တိုက်ဖျက်ရန် အလုပ်အကိုင်ပေါင်း ၁၆၀,၀၀၀ ကို ၂၀၂၁ ခုနှစ်အတွင်းမှာ ဖန်တီးပေး သွားမယ်လို့ သိရပါတယ်။ 

ပြင်သစ်နိုင်ငံရဲ့ စီပွားရေးဟာ ၁၉၄၅ ခုနှစ် ကစပြီး အဆိုးဆုံးထိခိုက်မှုဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဒုတိယ သုံးလပတ် ရဲ့ GDP ဟာ ၁၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းကြောင်း နဲ့ ပထမသုံးလ ပတ် မှာ တော့ ၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း သိရပါတယ်။  ၂၀၂၀ တစ်နှစ်လုံး အတွက် GDP ဟာ ၁၁ ရာခိုင်နှုန်း ကျဆင်းမယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။ ပြီခဲ့တစ်နှစ်လုံး မှာ လူ ၈၀၀,၀၀၀  အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ 

ဝန်ကြီးချုပ်က အခုအစီအစဉ်ဟာ ပြဿနာရဲ့ အနာကို ဆေးထည့်တာ မဟုတ်ဘဲ အနာဂတ်အတွက် လမ်းခင်းတာဖြစ်ကြောင်း ပြောကြားပါတယ်။ 

ပြင်သစ်အစိုးရရဲ့ အလုပ်အကိုင် ဖန်တီးရေးအတွက် သုံးစွဲမယ့်ငွေဟာ ပြီးခဲ့တဲ့ ဇူလိုင်က ဉရောပသမဂ္ဂက ထောက်ပံ့မယ့် ယူရို ၇၅၀ ဘီလီယံ နဲ့ မတူကြောင်း သိရပါတယ်။ 

MDN
ကိုးကား- AFP