ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး ညမထွက်ရ အမိန့်ဟာ လူပေါင်း ၄၆ သန်း အပေါ်သက်ရောက်

၂၃ အောက်တိုဘာ

 

 

ပြင်သစ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေတဲ့အတွက် ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရန် ညမထွက်ရအမိန့် ထုတ်ပြန်ရာ  နိုင်ငံရဲ့ လူဦးရေ ၄၆ သန်းအပေါ် သက်ရောက်နေပြီလို့ သိရပါတယ်။

 

 

ပဲရစ်နဲ့ တခြားမြို့ ၈ ခုမှာ ညမထွက်ရ အမိန့်(ည ၉ နာရီမှ နံနက်၆ နာရီ) ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြဋ္ဌာန်းရာ လူဦးရေ ၁ သန်းနီးပါး အပေါ်မှာ သက်ရောက်ခဲ့ပါတယ်။

 

 

ပြင်သစ်ရဲ့ ဒေသ ၃၈ ခုနဲ့ ပြင်သစ် ပိုလီနီးစီးယားကို သီတင်း ခြောက်ပတ်တိတိ ညမထွက်ရ အမိန့်ကို မနေ့က ထုတ်ပြန်လိုက်တဲ့အတွက် လူပေါင်း ၄၆ သန်းတိတိ အပေါ်မှာ သက်ရောက်သွားကြောင်း  သိရပါတယ်။ မနေ့က ထုတ်ပြန်တဲ့အမိန့်ဟာ ဒီနေ့ (သောကြာနေ့)က စပြီး သက်ဝင်မယ်လို့ ဆိုပါတယ်။

 

 

ပြင်သစ်ဝန်ကြီးချုပ် ကတ်တပ်စ်က ညမထွက်ရ အမိန့်ကို ထုတ်ပြန်အပြီး နိုင်ငံရဲ့ ကျန်းမာရေး အခြေအနေဟာ ဆိုးရွားနေကြောင်း၊ လာမယ့် သီတင်းပတ်တွေ အတွင်းမှာ ပိုပြီး ခက်ခဲနိုင်ကြောင်းနဲ့ ဆေးရုံတွေမှာ ပိုးတွေ့သူတွေ များလာတာနဲ့ ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံကို သတိပေး ပြောကြားပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်း အတွင်းမှာ သေဆုံးသူ ၃၀,၀၀၀ ကျော် ရှိ ခဲ့ပါတယ်။

 

 

လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းနဲ့ ဉရောပနိုင်ငံအချို့ ရင်ဆိုင်နေရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ကြာသပတေးနေ့က ၄၁,၆၂၂ ဦးတွေ့ရှိရာ မှတ်တမ်းသစ် တင်တဲ့နေ့ ဖြစ်လာပါတယ်။ ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ စုစုပေါင်းဟာ တစ်သန်းနီးပါးအထိ ၉၉၉,၀၄၃ ဦး ဖြစ်လာကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၄ နာရီအတွင်း ၁၆၅ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၃၄,၂၁၀ ဦး ရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP

a1