ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၀,၀၀၀ ကျော်ရှိ

၁၃ စက်တင်ဘာ

 

 

ပြင်သစ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်‌ ရောဂါပိုး စစ်ဆေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာစဉ်မှာ စနေနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၀,၅၆၁ ဦးနဲ့ သေဆုံးသူ ၁၇ ဦး ရှိသူကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

 

 

သောကြာနေ့က ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၉,၄၀၆ ဦးရှိကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေထဲက ၂၈ ဦးကို အရေးပေါ် ကုသရေးဆောင်မှာ ကုသပေးနေရာ သီတင်း တစ်ပတ်အတွင်း အရေးပေါ် ကုသရေးဆောင်မှာ ၄၁၇ ဦးကို ကုသပေးနေရကြောင်း သိရပါတယ်။ 

 

 

ဝန်ကြီးချုပ်က တစ်နိုင်ငံလုံးကို အသွားအလာ ကန့်သတ်မှု ပြုလုပ်စရာ မလိုဘဲ ဗိုင်းရပ်စ်ပိုးနဲ့ နေထိုင်မှုကို အောင်မြင်အောင် လုပ်ဆောင်ရမယ်လို့ ရုပ်မြင်သံကြားကနေ နိုင်ငံကို ပြောကြားပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေကို စောင့်ကြည့်ရက် ၁၄ ရက်ကနေ ၇ ရက် လျှော့ချမယ့် အကြောင်းနဲ့ ဗိုင်းရပ်စ် ပိုးကူးစက်မှုကို ထိန်းချုပ်ရန် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေကိုတော့ ကြေညာသွားခြင်း မရှိတာကို တွေ့ရပါတယ်။

 

 

ဝန်ကြီးချုပ်ဟာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူနဲ့ အနီးကပ် ရှိဖူးတဲ့အတွက် ဗိုင်းရပ်စ်ပိုး နှစ်ကြိမ် စစ်ဆေးပြီးဖြစ်ပေမယ့် ပိုးမတွေ့ရှိကြောင်းနဲ့ သီးသန့်စောင့်ကြည့်မှုအောက်မှာ ရှိနေကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn