ပြင်သစ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၀၀၀၀ ကျော် ထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၂၉

 

ပြင်သစ်နိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၇၀၀၀၀ ကျော် ထပ်မံတွေ့ရှိကြောင်းအတည်ပြုခဲ့ရာ ကူးစက်မှုစံချိန်တင်ခဲ့သည်။

 

အစိုးရက ရောဂါကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံများကို တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုမြင့်မားလာသဖြင့် ကူးစက်သူအရေအတွက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

 

အားလပ်ရက်များအတွင်း မိသားစု တွေ့ဆုံပွဲများမပြုလုပ်မီ ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်ရာမှ ကိုဗစ်ကူးစက်မှုအရေအတွက် မြင့်မားလာခြင်းဖြစ်သည်ဟုလည်း ၎င်းတို့ကဆိုသည်။

 

အစိုးရက စားသောက်ဆိုင်များကဲ့သို့သော အများနှင့်သက်ဆိုင်သည့်နေရာများသို့ဝင်ရောက်လိုပါက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထားပြသရန်လိုအပ်သည့် ဉပဒေတစ်ရပ်ကို အတည်ပြုခြင်းဖြင့် ကာကွယ်ဆေးထိုးနှံမှုကိုမြှင့်တင်ရန် စီစဉ်ထားသည်။

 

ဝန်ကြီးအစည်းအဝေးက ထိုစီမံချက်မူကြမ်းကို ဒီဇင်ဘာ ၂၇က အတည်ပြုခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်တွင် အသက်ဝင်မည်ဟု မျှော်လင့်ရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို