ပြင်သစ်၌ရာသီဥတု ပြောင်းလဲမှုကို ပိုမိုအာရုံစိုက်ရေး လူပေါင်းထောင်နှင့်ချီ၍ ချီတက်ဆန္ဒပြ

ပါရီ မတ် ၁၄

 

လာမည့်လအတွင်း ပြင်သစ်နိုင်ငံ သမ္မတရွေးကောက်ပွဲရှိရာ ယင်းမတိုင်မီ ရာသီဥတုပြောင်းလဲမှုကို ပိုမို အာရုံစိုက်စေရေးအတွက် ထောင်နှင့်ချီသော လူအုပ်ကြီးသည် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၆ ရက်အထိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလတွင် ရာသီဥတုနှင့် ပတ်သက်၍ မီဒီယာများ တွင် ဖော်ပြသည့်ရာခိုင်နှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်ဟု အင်န်ဂျီအိုအဖွဲ့အစည်းဖြစ်သည့် ရာသီဥတုဆိုင်ရာအဖွဲ့အစည်း၏ လေ့လာထားမှုအရ သိရသည်။

 

နိုင်ငံတစ်ဝန်းလုံးမှ လူပေါင်း ၈၀၀၀၀ ပါဝင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ပါရီမြို့မှ လူပေါင်း ၃၂၀၀၀ ပါဝင်ခဲ့သည်ဟု စီစဉ်သူများက ပြောသည်။ ပြည်ထဲရေးဝန်ကြီးဌာနကမူ ဆန္ဒပြပွဲတွင် လူပေါင်း ၄၀၀၀၀ ပါဝင်ခဲ့ပြီး ၁၁၀၀၀ မှာ ပါရီမြို့မှဖြစ်သည်ဟု ပြောသည်။

 

ဆန္ဒပြပွဲတွင်ပါဝင်သည့် အမျိုးသမီးတစ်ဦးကမူ ကလေးများအတွက် ကမ္ဘာမြေကို ကာကွယ် စောင့်ရှောက်ရမည်ဟု ပြောသည်။ သို့သော်လည်း နိုင်ငံရေးသမားများကမူ ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သတ်သည့် စိန်ခေါ်မှုများကို ဖြေရှင်းမှုများ ယခုထိ မပြသသေးဟု ၎င်းက ဆက်ပြောသသည်။

 

အေအက်ဖ်ပီ