ပြင်သစ်သမ္မတ Macron ဂျီ - ၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ဂျပန်သို့ရောက်ရှိ

၂၆ ဇွန်

ပြင်သစ်သမ္မတ  အီမန်ညူရယ် မက်ခရွန်သည် ဂျီ - ၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန်နှင့်  ဝန်ကြီးချုပ်ရှင်ဇိုအာဘေး နှင့် တွေ့ဆုံရန် ယနေ့ ဂျပန်နိုင်ငံသို့လာရောက်မည် ဖြစ်ကြောင်းသိရသည်။ ယခုဂျပန်နိုင်ငံခရီးစဉ်သည် သမ္မတအနေဖြင့် ပထမဆုံးခရီးစဉ် ဖြစ်သည်။

Macron သည် အာဘေးနှင့်တွေ့ဆုံရန်အတွက် ယနေ့ဂျပန်နိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားသည်။ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး နှင့် အခြားလယ်ယာမြေများဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်ရန်အတွက် နှစ်နိုင်ငံခေါင်းဆောင်များက လမ်းပြမြေပုံ တစ်ခုထုတ်ပြန်ကြေညာရန် စီစဉ်ထားကြောင်း သိရသည်။  သြဂုတ်လတွင် ကျင်းပမည့် ဂျီ -၇ ထိပ်သီးဆွေးနွေးပွဲတွင် ပြင်သစ်နိုင်ငံသည် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဂျီ -၂၀ ထိပ်သီးဆွေးနွေးပွဲအောင်မြင်ရေးအတွက် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် မျှော်မှန်းထားကြသည်။

ကြာသပတေးနေ့တွင် မက်ခရွန်ကို ဂျပန်ဧကရာဇ် နာယူဟီတိုက အင်ပါယာနန်းတော်တွင်နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။ မက်ခရွန်သည်  ပြီးခဲ့သည့် မေလက နန်းတက်ခဲ့သည့် ဧကရာဇ် နှင့် တွေ့ဆုံသည့် ဒုတိယမြောက် ပြည်ပနိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်မည်ဟု ဖော်ပြထားသည်။

မက်ခရွန်သည်  အိုဆာကာတွင် သောကြာနေ့ကျင်းပမည့် ဂျီ- ၂၀ ထိပ်သီးဆွေးနွေးပွဲ၌  ကုန်သွယ်ရေး နှင့် ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တောင်းဆိုရန် မျှော်မှန်းထားသည်။ ဒစ်ဂျစ်တယ်ဈေးကွက်များအတွက် စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်းကို အခြားနိုင်ငံခေါင်းဆောင်များ အတူတကွ လုပ်ဆောင်ကြရန် တိုက်တွန်းမည်ဟု မျှော်လင့်ရသည်။

သမ္မတ မက်ခရွန် နှင့် ဇနီးဖြစ်သူ  ဘရီဂစ်တီ တို့သည် ဂျပန်နိုင်ငံတွင် စနေနေ့ထိ နေထိုင်ကြမည်ဖြစ်သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို