ပြင်သစ်သမ္မတ မက်ခရွန် သမ္မတပြန်လည်ရွေးကောက်ခံရခြင်းအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း ဧပြီ၂၆

 

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဧပြီ ၂၅ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်အား ပြင်သစ် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

 

၎င်း၏သဏ်လွှာထဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က လွန်ခဲ့သည့် ငါးနှစ်ကျော်ကာလအတွင်း နိုင်ငံ့ခေါင်းဆောင်နှစ်ဦး၏ လမ်းညွှန်မှုအောက်တွင် တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံး အဆင့်တစ်ခုအဖြစ် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားသည်။

 

နှစ်နိုင်ငံခေါင်းဆောင်များသည် နယ်ပယ်ကဏ္ဍ အသီးသီးတွင် လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုလေးနက်စွာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို အတူတကွ ရင်ဆိုင်တိုက်ဖျက်ခဲ့ကြောင်း၊ နိုင်ငံစုံဝါဒကို အတူတကွ လက်ကိုင်ပြုထားပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးကို တိုးတက်စေခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ ဖွံ့ဖြိုးတိုးတက်မှုများကို တွန်းအားဖြစ်စေကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထောက်ပံ့မှုများ ပြုလုပ်ထားကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ကြွယ်ဝချမ်းသာအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

 

ဆင်ဟွာ