ပြင်သစ်သမ္မတဟောင်း ဂျက်ရှီရက် ကွယ်လွန်

၂၆ စက်တင်ဘာ

 

ပြင်သစ်နိုင်ငံကို ၁၉၉၅ -၂၀ဝ၇ ခုနှစ်အထိ သမ္မတရာထူးနဲ့ နိုင်ငံကို ဦးဆောင်ခဲ့တဲ့ သမ္မတဟောင်း ဂျက်ရှီရက်ဟာ ဒီကနေ့ ကွယ်လွန်သွားကြောင်း သိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပါတယ်။

 

ဂျက်ရှီရက်ဟာ ဥပရောပမှာ အကြာဆုံးတာဝန်ထမ်းဆောင်တဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူဟာ သမ္မတတာဝန်ထမ်းဆောင်နေစဉ်မှာ လေဖြန်းခဲ့ပြီး အဲဒီနောက် မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါကို ခံစားခဲ့ပါတယ်။

 

ဂျက်ရှီရက်ဟာ သမ္မတအဖြစ် သက်တမ်း နှစ်ကြိမ်၊ ဝန်ကြီးချုပ်အဖြစ် သက်တမ်း နှစ်ကြိမ်နဲ့ ပဲရစ်မြို့တော်ဝန်အဖြစ် နှစ်ပေါင်း ၁၈ နှစ်ကြာ နိုင်ငံတာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။

 

MDN