ပြင်သစ်သမ္မတရွေးကောက်ပွဲ၌ လက်ရှိသမ္မတ မက်ခရွန်အနိုင်ရရှိ

ပါရီ ဧပြီ  ၂၆

 

ပြင်သစ်သမ္မတရွေးကောက်ပွဲ၌ လက်ရှိသမ္မတ မက်ခရွန်သည် လက်ယာစွန်းရောက်ပြိုင်ဘက် မာရီနီလီပန်းအား အနိုင် ရရှိပြီး သမ္မတရာထူးဒုတိယသက်တမ်းအတွက် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

 

မက်ခရွန်သည် ဆန္ဒမဲအားလုံး၏  ၅၈ ဒသမ ၅၅ ရာခိုင်နှုန်းကို ရရှိခဲ့ကာ ၎င်း၏ပြိုင်ဘက် လီပန်းမှာ ၄၁ ဒသမ ၄၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

 

လက်ရှိသမ္မတမက်ခရွန်သည် ပြီးခဲ့သည့်ငါးနှစ်က အသက်အငယ်ဆုံးသမ္မတအဖြစ် အသက် ၄၄ နှစ်အရွယ်တွင် သမ္မတ ဖြစ်လာခဲ့သည်။  ပြီးခဲ့သည့် ရာထူးသက်တမ်းငါးနှစ်အတွင်း နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများကို
အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းအပါအဝင် နိုင်ငံအကျိုးအတွက် သယ်ပိုးဆောင်ရွက်ခြင်းကြောင့်  မက်ခရွန်သည် ယခုကဲ့သို့  သမ္မတ ရာထူး ဒုတိယသက်တမ်းတွင် ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ 

 

မက်ခရွန်သည်  ၎င်း၏ ဒုတိယရာထူးသက်တမ်းအတွင်း ပြင်သစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိသည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သည့်လီပန်းကလည်း ရွေးကောက်ပွဲအတွင်း နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက်မည်ဟု ပြောကြားစည်းရုံးခဲ့သည်။ 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ