ပင်တာဂွန်က ဆောဒီစစ်တပ်ကို သင်တန်းပေးနေခြင်း ရပ်ဆိုင်းလိုက်ပြီ

၁၁ ဒီဇင်ဘာ

 

အမေရိကန်ပြည်ထောင်စုမှာ ဆော်ဒီအာရေးဗီးယားစစ်တပ်မှ သင်တန်းသားများကို လေ့ကျင့်ပေးနေတဲ့ သင်တန်းများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ပင်တာဂွန်မှ မနေ့က ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဆော်ဒီလေတပ် အရာရှိတစ်ဦးက ဖလော်ရေဒါရှိ ရေတပ်စခန်းမှာ ပစ်ခတ်တဲ့အတွက် သေဆုံးမှုတွေဖြစ်ပြီးနောက် အခုကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အသက် ၂၁ အရွယ်ဆော်ဒီဘုရင့်လေတပ်ဗိုလ် မိုဟာမက် အယ်ရှားရာနီက ဖလော်ရေဒါရှိ သင်တန်းကျောင်းမှာ ပစ်ခတ်ရာ အမေရိကန် သင်္ဘောသားသုံးဦး သေဆုံးပြီး တခြားသူ ရှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီသင်တန်းသားကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

နိုင်ငံခြားသား သင်တန်းသားတွေနဲ့ပတ်သက်တဲ့ မူဝါဒကို ၁၀ ရက်အတွင်း ပြန်လည်လေ့လာရင် အမေရိကန် ကာကွယ်ရေး ဒုဝန်ကြီးက အမိန့်ပေးခဲ့ရာ လက်တွေ့လေ့ကျင်ရေးအတွက် ဆော်ဒီသင်တန်းသားတွေကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ ဆော်ဒီအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့်လုံခြုံရေး ဘာသာရပ်အတွက် ပြီးဆုံးသွားပြီးလို့ ပင်တာဂွန်အရာရှိက ပြောပါတယ်။

 

mdn

 

ဆော်ဒီကနေ ပညာလာရောက်သင်ကြားတဲ့ သင်တန်းသားဦးရေကို အတိအကျမထုတ်ပြန်ပေမယ့် နိုင်ငံတကာစစ်တပ်က သင်တန်းသား ၅,ဝ၀ဝ မှ ၅,၁၀ဝ ကြားရှိတယ်လို့ သိရပါတယ်။

 

သင်တန်းသား အယ်ရှားရာနီက ပစ်ခတ်မှုမပြုလုပ်ခင်မှာ အမေရိကန်နိုင်ငံကို "a nation of evil" လို့ တွစ်တာမှာ ရေးသားခဲ့ကြောင်း၊ သေနတ်ကိုလည်း ဖရော်ရေဒါရှိ လိုင်စင်ရှိသေနတ်အရောင်းဆိုင်ကနေ နိုင်ငံခြားသားများအား လက်နက်ဝယ်ခွင့်နဲ့ပတ်သက်တဲ့ ဥပဒေရှိ ဟာကွက်ကို အသုံးချပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

 

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး FBI က ဆက်လက် စုံစမ်းနေကြာင်း အိမ်ဖြူတော် လုံခြုံရေးအကြံပေးက ပြောဆိုပြီး အဲဒီပစ်ခတ်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

 

အရှေ့အလယ်ပိုင်းမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ အရင်းအနှီးဆုံး မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။ ဆော်ဒီဘုရင်ကလည်း အခုပစ်ခတ်မှုကို အမုန်းတရားပေါ်အခြေခံတဲ့ရာဇဝတ်မှုဖြစ်တယ်။ သေနတ်သမားက ဆော်ဒီလူထုကို ကိုယ်စားမပြုဘူးဆိုပြီး ရှုတ်ချလိုက်ပါတယ်။

 

MDN

ကိုးကား-AFP