ပြင်ဦးလွင်-နောင်ချို  ရထားလမ်းပိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေး

ပြင်ဦးလွင် ၂၁ ဧပြီ

 

ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်-နောင်ချို ရထားလမ်း ပိုင်းအား မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ဧပြီ ၂၀ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

2222+

 

ထို့သို့ စစ်ဆေးရာတွင် မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး  ဦးဘမြင့်၊ ဦးမျိုးဝင်း၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည် ၊ မန္တလေး) နှင့် ပြင်ဦးလွင်ဘူတာမှ ဒုတိယရုံပိုင် ဦးဇော်မိုးနိုင်နှင့် ဝန်ထမ်းများက RBE အမျိုးအစား စက်ခေါင်းအမှတ်  25-108 ဖြင့်  ပြင်ဦးလွင်ဘူတာမှ နောင်ချိုဘူတာသို့ သွားရာလမ်းတစ်လျှောက်ရှိ ရထားလမ်းပိုင်းများအား အရည်အသွေးစစ်ဆေးခြင်း၊  ရထားဘူတာများ စစ်ဆေးခြင်းနှင့် ရထားစီး ခရီးသည်များအား တွေ့ဆုံမေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးထိုက် (ပြင်ဦးလွင်)

 

+4