ပြင်ဦးလွင်၊ နမ့်စန်နှင့် တောင်ကြီးမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၄

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂ ရက် ည ၁ ၁နာရီ ၁၀ မိနစ်တွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ဝက်ဝံကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သီပေါမြို့မှ ပြင်ဦးလွင်မြို့ဘက်သို့ စိုင်းဦး မောင်းနှင်ပြီး မျိုးမင်းသက် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈,၇၅၀၊ ကျိမ်ခမ်း မောင်းနှင်ပြီး သီဟဇော် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၈,၇၅၀ နှင့် လှဝင်းဦး(ခ)မွမ်းခမ်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြား စုစုပေါင်းငွေကျပ် ၁,၄၆၂ ဒသမ ၆၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြားများကိုလည်းကောင်း၊  မတ် ၃ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နမ့်စန်မြို့နယ်၊ မက်မုန်မွန်း ကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆစ်ကျေးရွာအနီးရှိ နမ့်စန်-ခိုလမ်သွားကားလမ်းတွင် နမ့်စန်မြို့မှ ခိုလမ်မြို့ဘက်သို့ လောက်ဆန်း မောင်းနှင်လာသော ALPHARD အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁၆ ဒသမ ၁ ကီလို ငွေကျပ် ၁,၉၃၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ သိန်းနိုင်ထွန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား