ပြင်ဦးလွင် မေ ၁၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မီးသတ်ဦးစီးဌာနက ခရိုင်အားကစားကွင်းအတွင်း မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးသည်။
ပြင်ဦးလွင်ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကိုကိုတို့က ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားရုံများ၊ စားရိပ်သာဆောင်များ၊ ရုံးခန်းများနှင့် ပွဲကြည့်စင်များကို မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးပြီး ဝန်ထမ်းအိမ်ရာများတွင် မီးဖိုမီးကို စနစ်တကျ အသုံးပြုရန်နှင့် မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဟောပြောကာ မီးသတ်ဆေးဘူး အသုံးပြုနည်းများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


