ပြင်ဦးလွင်မြို့နယ်မှ ထွက်လာသည့် စတော်ဘယ်ရီသီးများ မန္တလေးဈေးကွက်တွင် အရောင်းအဝယ်သွက် 

မန္တလေး ဇန်နဝါရီ ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ ထွက်ရှိသည့် စတော်ဘယ်ရီသီးများ ဇန်နဝါရီလအတွင်း လှိုင်လှိုင်ထွက်ရှိလျက်ရှိရာ မန္တလေးမြို့ရှိ သစ်သီးပွဲရုံများသို့ ပို့ဆောင်ရောင်းချလျက်ရှိပြီး ဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းနေကြောင်း စတော်ဘယ်ရီ စိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

 

တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀ နှုန်းဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ရှိ သစ်သီးဒိုင်များမှ ဈေးဖြတ်ဝယ်ယူခဲ့ကြောင်း၊ လက်ရှိ ဇန်နဝါရီလကုန်ပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ ဈေးရရှိနေကြောင်း ပြင်ဦးလွင်မြို့နယ် ပင်လိန်သပြေကျေးရွာမှ စတော်ဘယ်ရီစိုက်ပျိုးသူ ကိုဖိုးသားက ပြောပြသည်။

 

စတော်ဘယ်ရီသီးသည် အေးတဲ့ရာသီဥတုကို ကြိုက်နှစ်သက်မှုမရှိဘဲ ရာသီဥတုပူလေလေ အထွက်နှုန်းကောင်းလေ ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် အစောဆုံးထွက်သည့် အခင်းက ပေါ်ဦးပေါ်ဖျားကြောင့် ဈေးပိုရကာ လှိုင်လှိုင်ပေါ်သည့် မတ်လအတွင်းမှာ ငွေကျပ် ၁၂၀၀ အထိ ကျဆင်းသွားတတ်ကြောင်းဦ သင်္ကြန်အပြီးမှာတော့ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ နဲ့ ၃၀၀၀ ကြားအထိ ဈေးပြန်ခုန်တက်လေ့ရှိကြောင်း သိရသည်။

 

မောင်အေးချမ်း