ပြင်ဦးလွင် ဇူလိုင် ၅
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၀ ကေဗွီအေ ထရန်စဖော်မာအသစ် ၁၀ လုံး တိုးချဲ့ တပ်ဆင်ခြင်းလုပ်ငန်းကို ဇွန် ၁ ရက်မှ ၅ ရက်အထိ ဆောင်ရွက်ခဲ့သည်။
ထရန်စဖော်မာအသစ်များအား ရပ်ကွက်ကြီး(၁)တွင် တစ်လုံး၊ ရပ်ကွက်ကြီး (၂)တွင် တစ်လုံး၊ ရပ်ကွက်ကြီး(၄)တွင် တစ်လုံး၊ ရပ်ကွက်ကြီး(၈)တွင် လေးလုံးနှင့် ရပ်ကွက်ကြီး(၁၀)တွင် သုံးလုံးတပ်ဆင်ပေးပြီးဖြစ်သည်။ ပြင်ဦးလွင်မြို့နယ်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၈လိုင်း၊ ဓာတ်အားခွဲရုံခုနစ်ရုံ၊ ပင်မခွဲရုံနှစ်ရုံ စုစုပေါင်းဓာတ်အားခွဲရုံကိုးရုံရှိပြီး ဓာတ်အားစနစ် ကောင်းမွန်စေရေး၊ ဓာတ်အားပေးသည့် အချိန်တွင်လည်း အချိန်ပိုင်းတိကျစွာရရှိနိုင်ရေး၊ ဓာတ်အားခကြွေးကျန်များ ကျဆင်းရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ထရန်စဖော်မာများ အသစ်တိုးချဲ့တပ်ဆင်ခြင်းနှင့် သစ်ပင်သစ်ကိုင်းများအား အပတ်စဉ်၊ နေ့စဉ် ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


