ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား  မိုးရာသီဘောလုံးပြိုင်ပွဲကျင်းပ

နေပြည်တော် ၁၅   ဇွန် 

 

၂၀၁၉ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲ (တတိယအကြိမ်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊  ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် အားပေးကြသည်။

 

KZH_4

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပြိုင်ပွဲဝင်အသင်း ၅ သင်းမှ အားကစားသမားများ နှင့် ဒိုင်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား တတိယအကြိမ် မိုးရာသီ ဘောလုံးပြိုင်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအသင်း၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအသင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအသင်း၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအသင်းတို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို ဇွန် ၂၄ ရက်အထိ လည်းကောင်း၊ တတိယနေရာလုပွဲကို ဇွန် ၂၆ ရက်တွင်လည်းကောင်း၊ ဗိုလ်လုပွဲကို ဇွန် ၂၉ ရက်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲ (တတိယအကြိမ်) အဖွင့်ပွဲစဉ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအသင်းနှင့် သတင်း နှင့်စာနယ်ဇင်းလုပ်ငန်းအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသော်လည်း  ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

 

(သတင်းစဉ်)

 

KZH_47