ပြန်ကြားရေးဝန်ကြီးဌာန၏  ၂၀၂၃ ခုနှစ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့်  ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်   ဇွန်    ၂၈

 

ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်  တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနရှိ ဌာနဆိုင်ရာများအလိုက် စိုက်ပျိုးရန်ပျိုးပင်များကို ခွဲဝေပေးအပ်ရာ ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လက်ခံရယူကြသည်။

 

ဆက်လက်၍   ပြန်ကြားရေးဝန်ကြီးဌာန၏   ၂၀၂၃   ခုနှစ် မိုးရာသီ    သစ်ပင်စိုက်ပျိုးပွဲတော်အတွက်  ပျိုးပင်များကို   သစ်တောဦးစီးဌာန   နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဦးစီးအရာရှိ  ဦးမြင့်လှိုင်က လွှဲပြောင်းပေးအပ်ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်က လက်ခံရယူသည်။

 

ထို့နောက်    ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းနှင့် ဇနီးတို့က  ၂၀၂၃  ခုနှစ်   မိုးရာသီ သစ်ပင်စိုက်ကွင်းရှိ    သတ်မှတ် နေရာတွင် ကံ့ကော်ပင်နှင့် ခရေ ပင်တို့ကို ဦးဆောင် စိုက်ပျိုးပေးကြပြီး   ဒုတိယဝန်ကြီး  ဦးရဲတင့်၊ ဌာနဆိုင်ရာ  အကြီးအကဲများနှင့် တာဝန်ရှိသူများက ကျွန်း၊ မဟော်ဂနီ၊ခရေနှင့်   သစ်ပိတောက်ပင်များကို သတ်မှတ် နေရာများတွင်   ဆက်လက်၍  စိုက်ပျိုးပေးကြသည်။

 

ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီးနှင့် အဖွဲ့သည် ဝန်ထမ်းများနှင့် မိသားစုများ စုပေါင်းသစ်ပင်   စိုက်ပျိုး နေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  ငါးကန်အမှတ်(၁)တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ငါးမျိုးများကို ဦးစွာစိုက်ထည့်ပေးကြပြီး ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်   ဝန်ထမ်းများ၏   ငါးမျိုးစိုက်ထည့်ပေးနေ မှုကို  ကြည့်ရှုအားပေးသည်။

 

ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီးနှင့် အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဆိတ်ကောင်ရေ ၁၈၀ မွေးမြူထားရှိမှုနှင့်   ၂၀၂၃  ခုနှစ်   မိုးရာသီ သရက်စိုက်ကွင်းတို့ကို    ကြည့်ရှုအားပေးပြီး     လိုအပ်သည်များ မှာကြား သည်။

 

ယနေ့   ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားတွင်  ပျိုးပင်ပေါင်း  ၁၄၀၀    နှင့် စိန်တလုံးသရက်ပျိုးပင်  ၆၂၅ ပင်၊ စုစုပေါင်း  ၂၀၂၅ ပင် စိုက်ပျိုးခဲ့ပြီး ထိုင်းငါးခုံးမ ငါးသားပေါက်ကောင် ရေ  ၅၀၀၀ ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားရှိ အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာ နှစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအတွက်     လိုအပ်သော ပစ္စည်းများ   တင်ဒါတင်သွင်းရန် အောင်မြင်ခဲ့ကြသော ကုမ္ပဏီများမှ  တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပစ္စည်းအမျိုးအစားများ   အလိုက် အရည်အသွေး မှန်ကန်ကောင်းမွန် စေရေးနှင့်  အချိန်မီတင်သွင်းနိုင်ရေးတို့အတွက်      အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့သည်။      

 သတင်းစဉ်